မိသားစုစားတော်ပွဲ

ဒံပေါက်ကို မိသားစုလိုက်မှာယူစားသုံးလိုသူများအတွက် နီလာမှ အထူးစီစဉ်ပေးသော မိသားစုဒံပေါက်စားတော်ပွဲကို မိတ်ဆက်ပေးလိုက်ပါပြီ။ မိသားစုမိတ်ဆုံစားပွဲ၊ သူငယ်ချင်းမိတ်ဆုံစားပွဲများအတွက်သင့်တော်ပြီး လူ(၅)ဦးစားပွဲ၊ (၁၀) ဦးစားပွဲ စသည်ဖြင့် လိုအပ်သလိုမှာယူနိုင်ခြင်း၊ ဒိန်ချဉ်လက်ဆောင်ရရှိခြင်း၊ အပူခံအလူမီနီယံဗန်းဖြင့် ထုတ်ပိုးပေးခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်ခြင်းစသည့် အားသာချက်များအပြင် သပ်ရပ်လှပသော ပါကင်ထုတ်ပိုးမှုပုံစံနှင့် လက်ဆောင်ပေးအမှတ်အသားရေးသားနိုင်ခြင်းကြောင့် သူငယ်ချင်းမိတ်ဆွေများကို အမှတ်တရလက်ဆောင်၊ ဂါရဝပြုထိုက်သူများကို ကန်တော့လက်ဆောင်အဖြစ်လည်း အော်ဒါမှာယူနိုင်ပါသည်။