အသင့်စား ထမင်းဘူးများ

သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝသော အသင့်စားထမင်းဘူးများကို နေ့စဉ်မှာယူနိုင်ပါပြီ။ လတ်ဆတ်သော သားငါး၊ ဟင်းသီးဟင်းရွက်များနှင့် FDAအသိအမှတ်ပြုဆီကို အသုံးပြုချက်ပြုတ်ခြင်း၊ အချိုမှုန့်သုံးစွဲမှု လုံးဝမရှိခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်ခြင်းတို့အပြင် နေ့စဉ်မှာယူမှုများအတွက် ဟင်းမယ်မထပ်စေပဲ ဟင်းမယ်မျိုးစုံ စီစဉ်ထားခြင်း၊ သက်သလွတ်ဟင်းများ စီစဉ်ထားခြင်း စသည့်ဝန်ဆောင်မှုများကို စေတနာအရင်းခံဖြင့် ပြုလုပ်ပေးလျက်ရှိပါသည်။ ဒါ့ကြောင့် စားသုံးသူများအတွက် ဈေးနှုန်းလည်းသင့်တင့်၊ မီတာခသက်သာ၊ အချိန်လည်းမကုန်စေပဲ မနက်စာ၊ ညနေစာများချက်ပြုတ်ရေးအတွက် ပူပင်မှုကင်းဝေးစေပါသည်။