ဥက္ကဋ္ဌ၏ အစီရင်ခံစာ
နီလာဒံပေါက်နှင့် အအေးလုပ်ငန်းစု၏ ကနဦးဆိုင်ကို ၁၉၇၆ ခုနှစ်၊ မတ်လ (၂၆ ) ရက်နေ့တွင် ရန်ကုန်မြို့ အနော်ရထာလမ်းမပေါ်ရှိ ဆိုင်ခန်းကျဉ်းလေးတစ်ခု၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ နီလာမိသားစုသည် အစားအသောက်များ၏ အရသာအရည်အသွေးပြည့်ဝမှု ရှိစေရန်နှင့် စားသုံးသူများ၏ ကျန်းမာရေးအတွက် အဓိက ဦးစားပေးထုတ်လုပ်ရန်စသည့် ရည်ရွယ်ချက်ကောင်းများကြောင့် ရန်ကုန်မြို့တွင် နာမည်ကျော်ကြားသော လုပ်ငန်းစုကြီးအဖြစ် နှစ်ပေါင်း (၄၅) နှစ်ကျော် ရပ်တည်နိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆိုင်ခွဲပေါင်း (၃၅) ဆိုင်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ နီလာလုပ်ငန်းစု၏ အကြီးဆုံးသော လုပ်ငန်းခွဲတစ်ခုဖြစ်သည့် အင်း၀အအေးနှင့် ကိတ်မျိုးစုံဆိုင်ကိုလည်း (၁၉၉၉) ခုနှစ်တွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး စားသုံးသူများ၏ ယုံကြည်မှုဖြင့် ရပ်တည်ပြီး ဈေးကွက်နေရာတစ်နေရာကို အခိုင်အမာရရှိထားပြီး ဖြစ်ပါသည်။ ထို့အပြင် Indian Chef ( Fine Dinning) အမည်ဖြင့် အိန္ဒိယမြောက်ပိုင်းအစားအစာများကိုလည်း ထပ်မံ တိုးချဲ့ ရောင်းချနိုင်ပြီ ဖြစ်ပါသည်။
အလေးအနက်ပန်ကြားလိုသည်မှာ
ကျွန်တော်တို့လုပ်ငန်းစုကြီးသည် ယနေ့အချိန်အထိ နာမည်ကြီး ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် နှစ်ပေါင်းကြာရှည်စွာ ရပ်တည်နိုင်ခဲ့သည်မှာ စားသုံးသူများ၏ ကြိုက်နှစ်သက်မှုကို ရရှိခြင်း၊ ခေတ်အလိုက် ပြောင်းလဲလာသော ဈေးကွက်အခြေအနေနှင့် လိုက်လျောညီထွေသော တီထွင်ဆန်းသစ် ထုတ်လုပ်မှုများဖြင့် စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ စားသုံးသူများ၏ ယုံကြည်စွာ ဝယ်ယူစာသုံးမှုကို ရရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ နောင်နှစ်ပေါင်းများစွာတွင်လည်း ခေတ်နှင့်လျော်ညီသော ပြုပြင်ပြောင်းလဲမှုများနှင့်အတူ စားသုံးသူများ၏ တစ်နေ့တာအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများပေးခြင်းဖြင့် ဆက်လက်ရပ်တည်သွားပါမည်။
CEO
အကောင်းဆုံးအရသာ ပေးနိုင်ရမည်။
နီလာလုပ်ငန်းစုသည် အစားအစာဈေးကွက်တွင် အကောင်းဆုံးအရသာ ပေးနိုင်သော ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးစားလာခဲ့ရာတွင် နှစ်ပေါင်း (၄၅) နှစ်ကာလ ကြာသည့်တိုင် သက်တမ်းကြာမြင့်စွာ အရည်အသွေးထိန်းသိမ်းနိုင်သည့် ကိုယ်ပိုင်နည်းပညာကို အသုံးပြုထားပါသည်။ ဒံပေါက်၏ မူလပထမ အိန္ဒိယရိုးရာချက်ပြုတ်နည်းကို အခြေခံကာ နီလာမိသားစု၏ ကိုယ်ပိုင်ဒံပေါက်ချက်ပြုတ်နည်းပညာဖြင့် မြန်မာလူမျိုးများနှင့် ကိုက်ညီသော အသင့်တော်ဆုံးအနံ့အရသာ ရရှိနိုင်အောင် စနစ်တကျ စီမံချက်ပြုတ် ထားပါသည်။ ထိပ်တန်း ဒံပေါက် ဖြစ်စေရန် ကုန်ကြမ်းပစ္စည်းများကို ဓာတ်ခွဲခန်းတွင် စနစ်တကျ စီစစ်ပြီး၊ စံချိန် စံညွှန်း ပြည့်မှီမှသာ အသုံးပြုပါသည်။ ကျန်းမာရေးနှင့်ညီညွတ်စေသော ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြု၍ နီလာမိသားစု၏ ကိုယ်ပိုင်အသားနှပ်နည်းပညာဖြင့် ချက်ပြုတ်ထားခြင်းကြောင့် အနံ့အရသာ အရည်အသွေးပြည့်ဝရုံသာမက အစာကြေစေခြင်း၊ စိတ်ကိုလန်းဆန်းစေခြင်း၊ အားအင်ပြည့်ဖြိုးစေခြင်းစသည့် အကျိုးထူးများကိုပေးစွမ်းနိုင်ပါသည်။ စားသုံးသူများအပေါ်တွင် ထားရှိသောစေတနာသည် ကုန်အမှတ်တံဆိပ်၏ သက်သေခံအမှတ်အသားတစ်ခုလည်း ဖြစ်ပါသည်။
ကျန်းမာရေးနှင့် ညီညွတ်စေရမည်။
စားသုံးသူများ၏ ကျန်းမာရေးကို ပံ့ပိုးပေးနိုင်စေရန် နေ့စဉ် ထုတ်လုပ်၍ လတ်ဆတ်သော ထုတ်ကုန်ပစ္စည်းများကို ရောင်းချပါသည်။နီလာဒံပေါက်၏ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ခေတ်မှီဟင်းချက်စက်ကြီးများဖြင့် စနစ်တကျ ချက်ပြုတ်ထုတ်လုပ်ပါသည်။ အဓိကအားသာချက်မှာ FDA လက်မှတ်ရ စံချိန်မှီ ကုန်ကြမ်းများနှင့် ဟင်းသီးဟင်းရွက်ဆီကိုသာ အသုံးပြုထားခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ အဝလွန်သူများနှင့် ဆီးချိုရောဂါရှိသူများလည်း စားသုံးနိုင်ခြင်း၊ ခေါင်းကိုက်မူးမော်မှု မရှိစေခြင်း၊ လူမျိုးဘာသာမရွေး စားသုံးနိုင်ခြင်း စသည့် ညီညွတ်မျှတမှုများဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်အောင် ထုတ်လုပ်ထားပါသည်။အစားအစာ လတ်ဆတ်မှု၏ အဓိကအချက်ဖြစ်သော စားဖိုခန်းအပူချိန် ထိန်းသိမ်းမှုနှင့် ပါဝင်ပစ္စည်းများကိုလည်း ကာလကြာရှည် ထားသိုသိမ်းဆည်းထားခြင်း မပြုပဲ သန့်ရှင်းလတ်ဆတ်မှုဖြင့် အရသာကောင်းမွန်မှုကို ပိုမိုအားဖြည့်ပေးထားပါသည်။
၀န်ဆောင်မှုအပြည့်အ၀ ပေးနိုင်ရမည်။
စားသုံးသူများအား ဝန်ဆောင်မှုများကိုလည်း အပြည့်အဝပေးနိုင်ရန် အောက်ပါအချက်များဖြင့် ကြိုးပမ်းလျက်ရှိပါသည်။
- ပိုမိုကောင်းမွန်သော စားသောက်ဖွယ်ရာများဖြင့် စားသုံးသူများ၏ စိတ်ကျေနပ်မှုကို ရရှိစေရန်။
- အလှူအတန်းပွဲများ၊ မင်္ဂလာဆောင်များ၊ မွေးနေ့ပွဲများ၊ ကုမ္ပဏီနှစ်ပတ်လည်ပွဲများ၊ ကျောင်းပွဲများနှင့် ဧည့်ခံပွဲအမျိုးမျိုးအတွက် အော်ဒါမှာယူသည့် လုပ်ငန်းရှင်များ၏ စိတ်ကျေနပ်မှု ရရှိစေရန်။
Door to Door စနစ်ဖြင့် Facebook Page မှ Online Sale များမှ ရောင်းချပေးနေပြီး စားသုံးသူများ၏ လိုအပ်ချက်ကို အစဉ်အမြဲ ဖြည့်ဆည်း၍ မိမိတို့ Customer များအားလုံး စိတ်ကျေနပ်မှု ရရှိစေရန် ။
ဒံပေါက် မျိုးစုံ ၊ အအေးမျိုးစုံ၊ ကိတ်မျိုးစုံနှင့် မြန်မာမုန့်မျိုးစုံကို အမျိုးအစားစုံလင်စွာဖြင့် အနည်းဆုံးအရေအတွက်(၅၀) မှစ၍ မှာယူနိုင်ပါသည်။